ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ ၅ ရက်နီးပါးရှိလာသဖြင့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG သို့ပြောသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ဒေသခံ(၅)ဦးကို ဧပြီလ ၅ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က DMG သို့ပြောသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၂၂၆၀ ကျော်အတွက် စားနပ်ရိက္ခာ များအပါအဝင် ရေနှင့် အခြားအသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

ယနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဧပြီလ ၅ ရက်နေ့၊ ညနေပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ကျွဲရှာရန်သွားသည့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။