ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားအနီးက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့အနီး ယနေ့ ဧပြီလ ၃ရက်၊ ညနေ(၄)နာရီခွဲခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်နေသည့်အသံများ ထွက်ပေါ်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့် နေကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာအနီးသို့ ယနေ့ ဧပြီလ ၃ ရက်၊ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂ ရက်နေ့က တပ်ကြပ်တစ်ဦး၏ ဇနီးမှာ ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၁၅)ရက်ကျခံခဲ့ရသည့် ကိုသန်းလှ(ခေါ်)မင်းဘာချေမှာ ယနေ့ ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည်။