ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် မေလ ၂၀ ရက်နေ့မှစ၍ ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သမ္မတဦးဝင်းမြင့်လက်မှတ် ရေးထိုး၍ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သောကြောင့် အရပ်သား(၅)ဦးသေဆုံးကာ (၈)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန်အပါအဝင် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်နေကြောင်း မြို့နယ်စားနပ်ရိက္ခာသယ်ယူရေးကော်မတီထံက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ (၁၅၇၂၉၁) ဦးအထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ယင်းနေ့ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။