ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီ ကျော်က မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးဒဏ်ရာရရှိပြီး ယင်းအနက် (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲဆေးရုံသို့ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဂျာမဏီနိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ် ပိုင်သင်တန်းများနှင့် ဘော်ဒါဆောင်များကို ဧပြီလ (၃၀)ရက်နေ့အထိ ပိတ်ထားကြရန် ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ်တစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယနေ့မတ်လ ၂၇ ရက်နေ့တွင် စစ်တွေရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်ကျေးရွာသင်္ချိုင်းအနီးတွင် ယနေ့ မတ်လ၂၇ နေ့၊ နံနက် ၆ နာရီ ကျော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။