- Details
- နှင်းနွယ်
- Hits: 719
- စစ်တွေ
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူများ စတင်တွေ့ရှိသည်ဟု သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယခင်က ငွေကျပ်(၃၀၀)နှုန်းဖြင့် ရောင်းချခဲ့သည့် Mask တစ်ခုကို ငွေကျပ်(၁၀၀၀) သို့မဟုတ် ငွေကျပ် (၁၅၀၀)ပေးပြီး ရောင်းချနေသည်ကို တွေ့ရှိရသည်။
- Details
- ဝင်းညွန့်
- Hits: 790
- စစ်တွေ
အင်တာနက် ဖြတ်တောက်ခံထားရသည့် ဒေသများက ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အစိုးရက ထုတ်ပြန်ကြေညာထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတိပေး၊ ပညာပေးချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် အင်တာနက်လိုင်းများ ဖွင့်လှစ်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP) က မတ်လ ၂၅ ရက်နေ့က မေတ္တာရပ်ခံလိုက်သည်။
- Details
- အောင်ကောင်းဇော်
- Hits: 560
- မာန်အောင်
ယခင်က မာန်အောင်ဒေသ၏ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ မြေအိုးလုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း မြေအိုးသုံးစွဲသူ တစ်ဖြည်းဖြည်း နည်းပါးလာသည့်အတွက် ယခုအခါ မြေအိုးလုပ်ငန်း လုပ်ကိုင်သည့်ကျေးရွာ သုံးရွာခန့်သာ ရှိတော့သည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းစန်းအေးကပြောသည်။
- Details
- ခိုင်မင်း(ကျောက်ဖြူ)
- Hits: 587
- ကျောက်ဖြူ
ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခံထားရသည့် ကိုထွန်းကြည်နှင့် ကိုချမ်းမောင်တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်လိုက်သည်ဟု ကျောက် ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။
- Details
- ချလူးအောင်
- Hits: 1308
- မောင်တော
မောင်တောမြို့နယ်၊ (၅)မိုင်အနီးရှိ နေအိမ်တစ်အိမ်တွင် မတ်လ ၂၅ ရက်နေ့၊ ညနေ ၇ နာရီခွဲခန့်က မိသားစုဝင်များ ထမင်းစားနေကြစဉ် ကျည်ဆံများကျရောက်လာသောကြောင့် ကိုးတန်းကျောင်းသူတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဖခင်ဖြစ်သူက ပြောသည်။
Page 250 of 615








