ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးရန်အပါအဝင် ရခိုင်အရေးဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသား (၇)ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင်၊ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁)လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအနီးတွင် ယနေ့မတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာသည့် မွတ်ဆလင် (၂၉)ဦးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ (၁၄)ရက်ကြာ စောင့်ကြည့်သွားမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ပြောသည်။ 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စတင်တွေ့ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်သွားသည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID -19 )အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ယနေ့ မတ်လ ၂၅ ရက်နေ့က စတင်ပြီး ယာယီရပ်နားထားလိုက်သည်။