- Details
- နေရောင်မင်း
- Hits: 469
- စစ်တွေ
မြန်မာနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစပ်ခံထားရသူနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။
- Details
- မင်းထွန်း
- Hits: 1084
- မင်းပြား
မတ်လ ၂၃ ရက်နေ့က နံနက် (၆)နာရီခန့်ကစတင်ပြီး ကမ်းနီကျေးရွာအနီးရှိ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း(တန်းမြင့်လေ့ကျင့်ရေးကျောင်း) ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည်။ ထို့နောက် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးတိုက်ခိုက်ခဲ့သည်ဟု ယင်းအနီးတဝိုက်မှ ဒေသခံများထံက သိရသည်။
- Details
- မြတ်ဆွေ
- Hits: 1216
- စစ်တွေ
အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ်များတွင် စစ်ဘေးရှောင် အများစုနေထိုင်နေကြသည်။ အစုအဝေးဖြင့် နေထိုင်နေကြရသော စစ်ဘေးရှောင်စခန်းများတွင် ကူးစက်ခံရပါက ထိန်းမနိုင်သိမ်းမရ အနေအထားဖြစ်သွားပြီး ဒေသတစ်ခုလုံးကို ကပ်ဆိုးကျရောက်သွားနိုင်သည်ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က သတိပေးသည်။
- Details
- ခိုင်ရိုးလ
- Hits: 2042
- စစ်တွေ
ရက္ခိုင့်တပ်တော်(AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ကြေငြာလိုက်သည်။
- Details
- အောင်ကောင်းဇော်
- Hits: 620
- မာန်အောင်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဒိုးတန်းကုန်းကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်က လင်မယားချင်း စကားများရန်ဖြစ်ကြရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသည်ဟု မြို့နယ်ရဲစခန်းက သိရသည်။
Page 252 of 615








