ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာရှိ တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို အမှတ်(၉) ကို ယနေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က တိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပြုံးပြည့်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာကြားတွင် မတ်လ (၂၃)ရက်နေ့ ၊နံနက်(၇)နာရီကျော်က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု စနဲဒေသခံ တစ်ဦးက DMG သို့ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ရွှေထည် (၉)ကျပ်သားခန့်ကို ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်အကောက်ခွန်ရုံးက သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)စီမံကိန်း နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတစ်ရပ်ကို မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းပါဝင် သည့် ဒေသခံများက အချက်(၅)ချက်ပါသည့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်တစ်ဖက်ရှိ အင်ဘာရီ မွတ်ဆလင်ကျေးရွာနှင့် ဂုတ်ပီထောင့် မွတ်ဆလင်ကျေးရွာတို့တွင် ယနေ့ မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကျည်ပေါက်ကွဲမှုကြောင့် လူ(၅) ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။