လက်ရှိတွင် သင်္ကြန်ကာလနီးကပ်လာသောကြောင့် မာန်အောင်မှ အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ အများစုမှာ နေရပ်သို့ ပြန်လာနေကြပြီး လူထွက်လူဝင်များနေသည့်အတွက် ထိုသို့တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမောင်တင်က ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ လေယာဉ်ကွင်းတွင် ယနေ့ မတ်လ ၂၁ ရက်နေ့၊ ညနေ (၅)နာရီခွဲခန့်က ဒေသန္တရလုပ် လက်လုပ်မိုင်းအဟောင်းဟု ယူယူဆရသည့် အရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွား၍ အသက် (၁၅)နှစ် အရွယ်လူငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွာအနီး တောင်တန်းများတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ထွက်ပေါ်သဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာမှ ဒေသခံ (၁၀၀)ကျော်မှာ ယမန်နေ့ မတ်လ ၂၀ ရက်နေ့က အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာရသည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူညီများ ပေးအပ်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မြစ်ကမ်းအနီးတွင် မတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်း (၁၀)နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်မတော်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။