- Details
- အောင်ထိန်
- Hits: 813
- စစ်တွေ
ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသန်းလှ (ခေါ်)ကိုမင်းဘာချေကို ထောင်ဒဏ် (၁၅)ရက် ကျခံရန် စစ်တွေ မြို့နယ်တရားရုံးက မတ်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။
- Details
- ခင်သရဖီဦး
- Hits: 14502
- ပလက်ဝ
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အနေဖြင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်တွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက တောင်းဆိုလိုက်သည်။
- Details
- အောင်ထိန်
- Hits: 734
- ရသေ့တောင်
ရာသီဥတု ပူပြင်းလာမှုဒဏ်ကြောင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ကလေးငယ်အချို့မှာ ကျန်းမာရေးထိခိုက်ကာ ဖျားနာမှုများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
- Details
- အောင်ထိန်
- Hits: 6694
- ကျောက်တော်
တပ်မတော်က ဖမ်းဆီးထားသည်ဟုဆိုသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ (၁၀)ဦးအနက် အသက် (၄၅)နှစ်အရွယ် ဦးမောင်ဝင်းကြီးကို ရေထဲတွင်မျောလျက် သေဆုံးနေသည်ကို တွေ့ရသည်ဟု ညီမဖြစ်သူ ဒေါ်မစံနုက DMG သို့ပြောသည်။
- Details
- ဝင်းညွန့်
- Hits: 454
- စစ်တွေ
စားသုံးသူရေးရာဥပဒေနှင့်ပြည်သူများအကြား စားသုံးသူအခွင့်အရေးများကို သိရှိလာစေရန်၊လုံခြုံစိတ်ချရသော အစားအသောက်များရရှိလာစေရန် ရည်ရွယ်၍ မတ်လ ၁၉ ရက်နေ့က စစ်တွေမြို့ စားသုံးသူရေးရာဦးစီးဌာန ရုံးတွင် လူထုစကားဝိုင်းပြုလုပ်ခဲ့သည်။
Page 256 of 615








