ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂစ္ဆပနဒီတံတား အနီးတစ်ဝိုက်တွင် ယနေ့ မတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၂)ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မိမိဆန္ဒ အလျောက် ပြန်ဝင်လာသည့် မွတ်ဆလင်ဒုက္ခသည်များကို လက်မခံသင့်ကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အကြံပြုသည်။

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများအပြင် ချက်ပြုတ်စားသောက်ရန်အတွက် ထင်းလိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်မဆိပ်ကျေးရွာရှိ ရှင်ပြုပွဲမဏ္ဍပ်အနီးသို့ မတ်လ ၁၈ ရက်နေ့၊ ညဥ့် ၁၂ နာရီကျော်ခန့်က ကျည်ဆံများကျရောက်လာသောကြောင့် အလှူရှင်မိသားစုဝင်တစ်ဦး သေဆုံးသွားကာ မောင်ရှင်လောင်းတစ်ဦးလည်း ခြေတွင်ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝရှိ ဒေသခံများ ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံးဖွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ယနေ့ မတ်လ ၁၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။