ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာထဲကို တပ်မတော်ကဝင်ရောက်ပြီး ဒေသခံ (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယနေ့ မတ်လ ၁၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းဒေသကို စစ်ဘက်ဆိုင်ရာလေယာဉ်များ၊ ရဟတ်ယာဉ်များ မပျံသန်းရေးဇုန်အဖြစ် သတ်မှတ်ကြေငြာပေးရန် ကမ္ဘာ့ကုလ သမဂ္ဂကို အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း(AAC)က မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ပြည်တွင်းစစ်၏ အနိဌာနရုံများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှုအား အမြန်ဆုံးစတင်ကြရန် ရခိုင်အမျိုး သားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့(ANPCC)က မတ်လ ၁၅ ရက်နေ့က တိုက်တွန်းလိုက်သည်။