ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သုပဏ္ဏကျေးရွာအုပ်စု၊ ဘောင်းရွာမှ အမျိုးသမီးသုံးဦး ပျောက်ဆုံးနေရာ အမျိုးသမီးတစ်ဦးကို ယမန်နေ့ ညနေ ၈ နာရီတွင် လည်ပင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမျိုးသမီးနှစ်ဦးမှာ သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှာ ယနေ့ မတ်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီ ကျော်က ပစ်ခတ်ခံရမှုကြောင့် အရပ်သားသုံးဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုများရှိနေသဖြင့် ကျောင်းသား၊ကျောင်းသူများ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်ဟု ကျောင်းသားများနှင့် မိဘများက DMG သို့ပြောသည်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုတိုက်နယ်ဆေးရုံကို လက်နက်ငယ်ကျည်ဆံများ ထိမှန်လာပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသောကြောင့် ဝန်ထမ်းများနှင့် လူနာများကို မြို့ပေါ် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က DMG သို့ပြောသည်။