- Details
- ကျော်သူဌေး
- Hits: 892
- ကျောက်တော်
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ နယ်၊ ပြိုင်းတိုင်းကျေးရွာတွင် ယနေ့ မတ်လ ၃ ရက်နေ့ ၊ နေ့လည် ၁၁ နာရီခန့်က နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၈၀ အရွယ် အဖွားတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားသည်ဟု ကျေးရွာသားများထံမှ သိရသည်။
- Details
- ခိုင်ရိုးလ
- Hits: 1222
- ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့၊ ညဥ့် ၁ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။
- Details
- ဝံသ(မောင်တော)
- Hits: 610
- ဘူးသီးတောင်
တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘူးသီးတောင်မြို့ပေါ်သို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၅၄ဦး ရှိနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
- Details
- ခင်သရဖီဦး
- Hits: 2897
- စစ်တွေ
ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် မကျင်းပဖြစ်လျှင် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
- Details
- နှင်းနွယ်
- Hits: 30489
- မြောက်ဦး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး လူ (၁၃)ဦး ပျောက်ဆုံးခဲ့ရာ ယင်းအထဲမှ အမျိုးသားသုံးဦး၏အလောင်းကို ယနေ့ မတ်လ ၂ ရက်နေ့က တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
Page 270 of 615








