လူ့အခွင့်အရေးချိုးဖောက်ခံရပါက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းတွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံးခွဲတွင်လည်း တိုင်ကြားနိုင်သည်ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ ပြားလာပြီး စစ်ဘေးသင့်ဒုက္ခသည် စုစုပေါင်း (၁၂၈၄၃၅)ဦးအထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် ၂၀၂၀ ရွေးကောက်ပွဲပြုလုပ်ပါက ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်မည့် ကော်မရှင်အဖွဲ့ဝင်များ၏ စိုးရိမ်စရာဖြစ်ပေါ်နိုင်လာသည့် အရာများနှင့်ပတ်သက်၍ စစ်တွေမြို့တွင် နှစ်ရက်တိုင်တိုင်ဆွေးနွေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာကျေးရွာအုပ်စု၊ ပန်ဇိမွတ်ဆလင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ နံနက် (၇)နာရီကျော်ခန့်က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်သဖြင့် အရပ်သား(၃)ဦး သေဆုံးကာ (၈)ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။