ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊စစ်တွေဟိုတယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဒီယာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ သိနားလည်မှုဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုန်းဘောင်ကျေးရွာမှ အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားသည်ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ဇော်က ပြောသည်။ 

ပလက်ဝမြို့မှ ကျောက်တော်မြို့နယ်သို့ ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သေနတ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသည် (၄)ဦး ဒဏ်ရာရရှိသွားသည်ဟု ခရီးသည်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ဖေဖော်ဝါရီလ၂၆ရက် ၊ညနေ ၉ နာရီအချိန်က ရွာ အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲမှုသံကြားရသောကြောင့် အမျိုးသမီး တစ်ဦး နှလုံးရပ်သေဆုံးသွား သည်ဟု မိသားစုဝင်များထံက သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းအနီး နွားကျောင်းနေသည့် မွတ်ဆလင်အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်က မိုင်းနင်းမိ၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း တာဝန်ရှိသူများထံက သိရသည်။