မင်းပြားမြို့နယ် ၊ရာမောင်တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရန်ကုန်-စစ်တွေခရီးသည်တင်ကားများနှင့် ကုန်ကားစုစုပေါင်း (၃၀၀)ကျော် ပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။ 

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ယနေ့ သဘောထားထုတ်ပြန်လိုက်ကြသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မကြာမီကာလအတွင်းမှာ ကျင်းပတော့မည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများ အေးအေးချမ်းချမ်း စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယင်းကာလတွင် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲရပ်ဆိုင်းထားရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆရာ၊ဆရာမများက တောင်းဆိုကြသည်။

တပ်မတော်က စစ်ဆေးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးမှာ မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသူများအနက် မခင်မေဦးမှာ မေးရိုးအစားထိုးကုသရန် လိုအပ်သဖြင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်မည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG သို့ပြောသည်။