ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် ရေကိုချွေတာသုံးစွဲနေရသည်ဟု စစ်ဘေးရှောင်စခန်းများက သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ မြေကွက်တစ်ကွက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခြံစည်းရိုးခတ်လိုက်သောကြောင့် မြို့ပေါ် ဒေသခံများနှင့် ယင်းလုပ်ငန်းရှင်ကြား အငြင်းအပွားမှုဖြစ်ပေါ်နေသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် ရဲဒုတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ ဒီရေတောများကို ပုဇွန်ကန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ခုတ်လှဲရောင်းချနေသည်ဟုဆိုကာ ရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရွာသားများက တိုင်ကြားလိုက်သည်။