ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင်မွတ်ဆလင်ကျေးရွာထဲသို့ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စပါးထားကျေးရွာနှင့် ကွမ်းတောင်ကျေးရွာကြားတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကွမ်းတောင်၊ ရေကောင်းချောင်း၊ ဆင်ခုန်းတိုင်၊ အုန်းချောင်း၊ စည်တောင် စသည့်ကျေးရွာများမှ လူဦးရေ (၁၆၀၀)ခန့် ထွက်ပြေးတိမ်းရှောင်လာသောကြောင့် အကူအညီလိုအပ်နေခြင်း ဖြစ်သည်။

“တခြားအဖွဲ့တွေကလည်း တောင်းဆိုတာရှိတယ်။ ဘာမှဖြစ်မလာဘူး။ အဲဒါဘာကြောင့်လဲ။ ကျနော်တို့က ထိရောက်မှုရှိတဲ့ ပွဲလုပ်ချင်တယ်။ ဒါပေမယ့် ထိရောက်မှုရှိမယ်၊ မရှိဘူးဆိုတာတော့ မသိဘူး”ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့ဝင် မဦးခင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာတွင် ယနေ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် ကျောင်းသား(၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ကျောက်တော်မြို့နယ်အတွင်း စစ်၏အကျိုးဆက်ကြောင့် တစ်ရက်တည်းတွင် လူ(၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။