တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်(၅) မြို့နယ်ခန့်တွင် စစ်ဘေးရှောင်စခန်းအသစ်များ တိုးချဲ့မဆောက်လုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

“အစတုန်းကတော့ လေတိုက်လို့မိုးရွာနေတယ် ထင်တယ်။ ကြည့်လိုက်တော့ နီရဲလို့မြင်တယ်။ ဆိုတော့ မီးလောင်တယ်၊ မီးလောင်တယ်ဆိုပြီး ကိုယ့်အိမ်က ကျောင်းသားတွေက အိမ်ပတ်ဝန်းကျင်ကို(မီးမကူးရအောင်) ရေဖြန်းကြတယ်။ လေကလည်း တအားတိုက်နေတော့ တော်တော်စိုးရိမ်သွားတယ်”

“ဒီမှာက လက်နက်ကိုင်အဖွဲ့ဆိုလို့ AA တစ်ဖွဲ့ပဲရှိတယ်ဆိုတော့ AA ကဖမ်းသွားတာပေါ့။ အခုကျနော်တို့ ပါတီဗဟိုကို တင်ပြထားတယ်” ဟု မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ရီက ပြောသည်။

၎င်းသည် မောင်တောမြို့နယ်၊ ကံသာယာ အထက်ကျေးရွာမှဖြစ်ပြီး တရုတ်နိုင်ငံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က မောင်တောသို့ရောက်ရှိသည်။ ယင်းနောက် ဖျားနာနေသောကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆေးရုံသို့ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာနှင့် ဆောက်ခတ်ကျေးရွာများသို့ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့်က လက်နက်ကြီးကျည်များ ကျရောက်သဖြင့် အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။