ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ကျေးရွာတွင် ယနေ့(ဖေဖော်ဝါရီ ၇ရက်)၊ နံနက် ၂ နာရီအချိန်ခန့်က ဈေးဆိုင်တန်းမီးလောင်မှုကြောင့် ဆိုင်ခန်း ၂၀ ကျော်နှင့် လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စစ်တွေမြို့၊ ကမ်းနားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွား၍ မိန်းကလေးတစ်ဦးသေဆုံးကာ ယောက်ျားလေးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု စစ်တွေမြို့၊ အမှတ် (၂၀) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ် နေလင်း ကပြောသည်။ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အိမ်ခြေ (၁၂၀)ကျော်ခန့်ရှိသည့် ညောင်ပင်လှကျေးရွာတွင်  နေအိမ်အများစု ဖောက်ထွင်းခံထားရပြီး အသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

 “ကျနော်တို့သွားတာတော့ အခက်အခဲရှိတယ်။ လမ်းမှာလည်း လုံခြုံရေးဆောင်ရွက်နေတာရှိတယ်။ အဲဒီမှာလည်း စစ်ဆေးခံရတယ်။ အသက်ကိုရင်းပြီးတော့သွားတယ်ပေါ့” ဟု လူငယ်တက်ကြွလှုပ်ရှားသူများအဖွဲ့က ကိုဘသာ ကပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အစိုးရဝန်ထမ်းများ၏ လစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် (၉)နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်တော်(AA)က သိမ်းယူသွားသည်ဟု ဒေသခံများထံက သိရသည်။