လူဦးရေ (၁၀၀၀)ကျော်နေထိုင်သည့် မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာအနီးက ဟိန္ဒူကျေးရွာမှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဝေးလံပြီးသွားလာရခက်ခဲသော စစ်ဘေးရှောင်စခန်းအချို့တွင် ထောက်ပံ့ပစ္စည်းများ မရရှိသဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ရှိသူများထံက သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သလူမော်ကျေးရွာတွင် ကလေး(၇၀)ကျော်ခန့် မျက်နှာများတွင်အနီစက်များထွက်ကာ ဖျားနာနေသဖြင့် ကျန်းမာရေးဌာနက ဆေးကုသမှုပြုလုပ်ရာတွင် ကလေးစုစုပေါင်း (၃၀)ကျော်ခန့် ကျန်းမာရေးကောင်းမွန်လာပြီဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက DMG သို့ ယနေ့ပြောသည်။

ဆိုင်ကယ်မတော်မဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော ရခိုင်ယူနိုက်တက်အသင်း(RUFC) တောင်ပံကစားသမား ဇော်သိန်းဝင်းသည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၁၂ နာရီခွဲအချိန်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း အသင်းက ထုတ်ပြန်သည်။

ဆောက်လုပ်ရေးတင်ဒါကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားမှုမှာ (၁၇)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ကော်မရှင်ဘက်က အကြောင်းပြန်ခြင်း မရှိသေးဟု တိုင်ကြားသူများက