- Details
- Admin
- Hits: 6658
- မြေပုံ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းရွာစစ်ဘေးရှောင်စခန်းသို့ AA က ရွာသားအသွင်ဖြင့် ဝင်၊ထွက်မှုများရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စခန်းတွင်နေထိုင်သူများ အန္တရာယ်ရှိကြောင်းတွေ့ရှိရသဖြင့် တခြားနေရာသို့ ပြောင်းရွှေ့ရန် စစ်ဘေးရှောင်များကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အသိပေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
- Details
- ခိုင်ရိုးလ
- Hits: 1166
- မြောက်ဦး
“ရှေးဟောင်းပုထိုးတော်တွေနားမှာ လက်နက်ကြီးတွေပစ်ကြတာကြောင့် တုန်ခါမှုအရှိန်နဲ့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်။ လက်ရှိမြောက်ဦးကိုးသောင်းဟာ စိုးရိမ်စရာအခြေနေရောက်နေပါတယ်” ဟု မြောက်ဦးယဉ်ကျေးမှုဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆိုသည်။
- Details
- သီဟ
- Hits: 6489
- စစ်တွေ
တောင်ပံကစားသမား ကိုဇော်သိန်းဝင်းသည် မိတ်ဆွေမိန်းကလေးတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်တွေပြည်ထောင်စုလမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းသည်။ အတူပါလာသည့် မိန်းကလေးမှာ ဦးခေါင်းကွဲဒဏ်ရာဖြင့် ယင်းနေရာတွင် သေဆုံးသွားသည်။
- Details
- Admin
- Hits: 18424
- အမ်း
အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကလေး (၄၀)ကျော်မှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။ လတ်တလောတွင် ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကလေး(၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။ ဆေးကုသမှုခံယူနေသူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။
- Details
- ခင်သရဖီဦး
- Hits: 733
- မြေပုံ
အင်အား ၂၀၀ ခန့်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်မိုးပေါ်ထောင်ပစ်ကာ စညှင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီး အဆောင်အချို့နှင့် တာပေါ်လင်စများကို ဖျက်ဆီးခဲ့ကြောင်းနှင့် စခန်းဖျက်သိမ်းရန်လည်း ဖိအားပေးပြောဆိုခဲ့ကြောင်း စခန်းတာဝန်ခံ ဦးဇင်းအာရက္ခက DMG သို့မိန့်သည်။
Page 295 of 615








