ရခိုင်နှင့်ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသောကြောင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း အကောင်ထည်ဖော်ရာတွင် လုံခြုံရေးအခြေနေအရ ကြန့်ကြာမှုများရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က ပြောသည်။

ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ တင်သွင်းထားသည့် နောက်ဆုံးအထူးအယူခံကို ယနေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည် ၎င်းတို့၏ရှေ့နေများထံက သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်အတွက် လယ်ယာမြေစစ်တမ်းများ ကောက်ခံလျက်ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားတောင်ပေါ်ကို အခြေပြုပြီး တိုက်ခိုက်ပစ်ခတ်မှုများမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိအစိုးရအပါအဝင် ခေတ်အဆက်ဆက် အစိုးရအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မည်ဟု ပြောဆိုနေကြသော်လည်း တည်ဆောက်မည့်စနစ် မရှိကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။