မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) အပါအဝင် နေရာ ၅ ခုကို ယနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က အတည်ပြုပြောကြားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကားတစ်စီး အနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများမှပြောဆိုသည်။ ပစ်ခတ်မှု များကြောင့် နရမ်းဘုန်းတော်ကြီးကျောင်းအနီး လယ်ကွင်းပြင်တွင် လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ကံရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့ကြောင်းလည်း ဒေသခံများမှ ပြောသည်။

"နိုင်ငံတော်မှာ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့အတိုင်း တပ်မတော်ဟာ မိဖသဖွယ်ထားပြီးတော့ မှန်မှန်ကန်ကန် ပြုလုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ကတော့ ကိုယ်မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အတွက် စိတ်မကောင်းပါဘူး၊ အခုလိုစွပ်စွဲခံရတဲ့အတွက် အင်မတန်ဝမ်းနည်းမိပါတယ်"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းအနီးတွင် ယနေ့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာတွင် ဗိုလ်မှူးကြီး မင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးချုပ်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။