အမ်းမြို့နယ်တွင် ဒီဇင်ဘာလ (၂၁) ရက်နေ့က အသက် (၁၆) နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူအမျိုးသားနှစ်ဦးအနက် တစ်ဦးလွတ်မြောက်နေကြောင်း အမ်းမြို့နယ်ရဲစခန်းနှင့် မိသားစုဝင်များထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဆယ်တန်းကျောင်းသားတစ်ဦးကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် တပ်မတော်သားများအား အများပြည်သူမြင်သာအောင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်သည်။

ရသေ့တောင်မြို့နယ်မှ ကျေးရွာများသို့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ငှားရမ်းအသုံးပြုသည့် စက်လှေမှာ ယမန်နေ့က မယူမြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ သွားခွင့်မပြုသဖြင့် ပြန်လှည့်သွားခဲ့ရကြောင်း ဒေသများထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းက အမျိုးသမီးများကို အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို အမည်ခံဖွင့်ပေးခြင်းမျိုးမဟုတ်ဘဲ မြန်နှုန်းမြင့် 4G အင်တာနက်လိုင်း အပြည့်အဝပြန်ဖွင့်ပေးရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က တောင်းဆိုသည်။