မြောက်ဦးမြို့တွင် ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် နှင့် မြန်မာ့စီးပွားရေးဘဏ် တို့သာရှိပြီး ကမ္ဘောဇဘဏ် ပိတ်ထားသည့်နောက်တွင် အခြားဘဏ်များ၌ ငွေလွှဲ၊ ငွေထုတ်သူများပြားသဖြင့် အချိန်ကြန့်ကြာမှုများရှိလာသည်။ အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်းကလည်း ဘဏ်လုပ်ငန်းလည်ပတ်မှုများကို...

“အစိုးရက စစ်ဘေးရှောင်တွေအတွက် ယာယီစခန်းမထားရှိတာကြောင့် ကြုံသလို နီးစပ်ရာမှာ နေကြရပါတယ်။ အမ်းမှာရှိတဲ့ စစ်ဘေးရှောင် အခြေအနေက ဆိုးရွားတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ အခင်းတောင်မှ မရှိတဲ့ မြေကြီးတွေမှာ သူတို့အိပ်ကြရတယ်။ ဒါတွေကို အစိုးရအနေနဲ့ လုပ်ပေးသင့်တယ်လို့ မြင်တယ်။ အစိုးရက နေရာချထားမှုတွေ လုံးဝမရှိဘူး” 

ဇန်နဝါရီလ (၉)ရက်နေ့က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ရွာသားအများစု ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ကြသော်လည်း လူ(၃၃)ဦးမှာ ထွက်ပြေးနိုင်ခြင်းမရှိခဲ့သောကြောင့် ပိတ်မိနေခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ အများစုပါဝင်သည်။

ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးပြီး မောင်တောခရိုင်သို့ ပြန်ပို့လိုက်သည့် မွတ်ဆလင်များကို ဒေသတွင်းနေထိုင်ခဲ့ကြောင်း အထောက်အထားခိုင်လုံလျှင် ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး နေထိုင်ခဲ့ခြင်းမရှိသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ထွက်ပြေးလာတဲ့နေ့မှာတော့ ဝါးတောင်မှာနေကြတယ်။ အခက်ခဲတော့ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ ဝါးတောင်အနီးမှာ အောက်က ကောက်ရိုးခင်းပြီးတော့ တာပေါ်လင်စမိုးပြီးတော့ နေနေရတယ်။ သောက်ရေ၊ သုံးရေကိုတော့ စခန်းအနားမှာရှိတဲ့ တွင်းတွေက ခပ်ပြီး သုံးနေရတယ်”