ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ဖမ်းမိသည့် မွတ်ဆလင် (၁၇၂)ဦးကို တပ်မတော်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပို့လိုက်ရာ ယနေ့ (ဇန်နဝါရီလ ၁၃ ရက်)၊ နေ့လယ်ပိုင်းတွင် ရောက်ရှိလာသည်။

အမ်းမြို့နယ်၊ ဒလက်ချောင်းကျေးရွာအုပ်စုနှင့် မြေပုံမြို့နယ်၊ ယိုးချောင်းကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသောကြောင့် ဒီဇင်ဘာလ (၂၇)ရက်နေ့က စတင်ကာ ရေလမ်းခရီးသွားလာမှုကို တပ်မတော်က ပိတ်ပင်လိုက်ခြင်းဟု ရွာသာယာကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

မူရင်းကျေးရွာလမ်းကိုပြုပြင်နေသော ကျောက်ကလေကျေးရွာမှ ကန်ထရိုက်လုပ်ကိုင်နေသူ ဦးစိုးငြိမ်း၊ ဘတ်ဟိုးပိုင်ရှင် ဦးမောင်ဖိုးခင် နှင့် ဘတ်ဟိုးမောင်းသူ ကိုမောင်ရန်နိုင်တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက မူရွင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာအကြား ဘောလန်တောင်ခြေရင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေဆဲကာလတွင် တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းသည် AA ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်နှင့် စစ်ပွဲလျှော့ချရန် ပြောကြားခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်ခြံဝင်းထဲတွင် ပြီးခဲ့သည့်လပိုင်းက တပ်မတော်သားများနေထိုင်ခဲ့သောကြောင့် ၎င်းတို့တွင်ကျန်ရှိလိုက်သည့် နို့ဘူးခွံများ၊ ပလတ်စတစ် စသည့် အမှိုက်များကို မီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ယင်းသို့ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဟု ဒဏ်ရာရကလေးငယ်များ၏ ဖခင် ဦးမောင်ထွီးအောင်က ပြောသည်။