“မနေ့က ၃ နာရီကျော်မှာ စစ်ကြောင်းတစ်ခုက ကျမတို့ရွာမြစ်တဖက်ကမ်းက လက်နက်ကြီးတွေပစ်လို့ ကျမတို့အိမ်ရှေ့က မကျည်းပင်နားမှာကျပြီး ကျလာတာပါ။ အဲဒီစစ်သားတွေ ဘယ်ကလာတာလဲဆိုတာ ကျမ မသိဘူး။ ကျမသမီးမှာ ခြေသလုံးမှာ ဒဏ်ရာရသွားတယ်။ အခုမြောက်ဦးဆေးရုံမှာပါ”

အဆိုပါ ဆိုင်၌ AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကို‌အောင်မြတ်ကျော် အပါအဝင် စင်ကာပူရောက် ရခိုင်လူငယ်များစုပေါင်းကာ ရှယ်ယာဝင်ထားခြင်းဖြစ်သည်ဟု ၄င်းက ဇန်နဝါရီ ၁၀ ရက်နေ့ ရုံးချိန်းတွင် သူတို့အမှု၏ အကျိုးဆောင်ရှေ့နေများထံမှ တစ်ဆင့် ပြောကြားသည်။

ရက္ခိုင့်တပ်တော်(AA)က တစ်ရက်ကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၆)ဦးကို ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံတင်ပြမည်ဟု ပြန်လွတ်လာသူ ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက DMG ကို ပြောသည်။ 

ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းများရပ်ဆိုင်းထားရန် ၂၀၁၈ ခုနှစ်က ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်များ မရရှိသဖြင့် စီမံကိန်းကို မူလသတ်မှတ်ထားသည်ထက် တစ်နှစ်စော၍ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကျောင်းသား(၄)ဦးသေဆုံးကာ (၆)ဒဏ်ရာရရှိမှုဖြစ်စဉ်သည် AA ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု တပ်မတော်ကထုတ်ပြန်သော်လည်း ဒဏ်ရာရကျောင်းဆရာကမူ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ပြောသည်။