စပါးရိတ်သိမ်းရန် အချိန်ကျရောက်နေသော်လည်း လယ်ယာမြေအနီးအနားတွင် တိုက်ပွဲဖြစ်နေသည့်အပြင် လယ်ယာမြေများတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေခြင်းဟု မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ လယ်သမား ဦးထွန်းသိန်းဝင်းက ပြောသည်။

အစိုးရက အင်တာနက်ဖြတ်တောက်မှုကို နိုင်ငံတော်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ရခိုင်ဒေသတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပဋိပက္ခဖြစ်ပွားမှုကို လျှော့ချရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားမတွေ့ရှိရသေးပေ။

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနေ ဒေသခံနှစ်ဦးကို ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ပုံ စေတီအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များကပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာမှ ဒေသခံတစ်ဦးကို တပ်မတော်က ခေါ်ယူသွားသည်မှာ တစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း သတင်းအစအန မကြားရသဖြင့် သူ့လုံခြုံရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များ စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ဒေသခံ (၂ ) ဦးမှာ ဈေးဝယ်ရာမှပြန်လာစဉ် ရိုက်ပုတ်ခံခဲ့ရသဖြင့် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။