တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)နှင့် ညှိနှိုင်းသင့်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)ဘက်က ပြောဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဘက်ကမူ လက်ရှိနိုင်ငံရေးအခြေအနေအရ မသင့်လျော်ဟု ယူဆထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲနယ်မြေများမှာ ယခင်နှစ်ထက် ကျယ်ပြန့်လာနိုင်ဖွယ်ရှိသည်ဟု AA က ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

မာန်အောင်မြို့နယ်တွင် ဆိုလာစွမ်းအင်စက်ရုံဖွင့်ပွဲအတွက် ရဲတပ်ဖွဲ့ (၂၀၀)ကျော်ခန့်ဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု ဒေသခံများကြားတွင် သတင်းထွက်ပေါ်နေသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားနေရသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG ကို ပြောသည်။

NLD ဘက်က ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း ရက္ခိုင့်တပ်တော်(AA)ဘက်က ပြန်လွှတ်ပေးမည့် အစီအစဉ်မရှိသေးပေ။ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း ကျူးလွန်သူများကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သောကြောင့် ဖမ်းဆီးခြင်းဟု AA ပြန်ကြားရေးတာဝန်ခံက ပြောသည်။