တိုက်ပွဲများကြောင့် ဟင်းခရော်၊ တောင်ပေါက်၊ ညောင်ကန်  စသည့် ကျေးရွာများက ဒေသခံ (၃၆၇၉)ဦးသည် ကျီးခေါင်တောင်၊ တောင်ကြီးရင်(မိုးသီးနတ်တောင်)၊ ရေရှင်၊ မြို့မကုသိနာရုံကျောင်း၊ ရက်ချောင်း၊ ပင်ကပ်၊ ကမ်းထောင်းကြီး စသည့်ကျေးရွာများတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒြားကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာသောကြောင့် ရွာသား (၁၀၀၀)ကျော် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားသည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်၏အလောင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့က သလူချောင်းကျေးရွာ၏ အနောက်ဘက်တွင် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်ထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် မွတ်ဆလင်ကျေးရွာကို ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်)၊ နံနက်ပိုင်းက  လက်နက်ကြီးကျည်ဆံများ ထိမှန်မှုကြောင့် နေအိမ်နှစ်ဆောင် မီးလောင်သွားကာ နွား၊ဆိတ်များ သေဆုံးမှုရှိသည်ဟု ဒေသခံများထံက သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ အမျိုးသမီးဒေါ်ဖြူဖြူဝင်း အမည်ကို ဖော်ပြထားခြင်း မရှိပေ။ ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင် သေဆုံးသွားသည်ဟုသာ ဖော်ပြထားသည်။ ယင်းနေ့တွင် အုပ်ချုပ်ရေးမှူးနှင့် ဒေါ်ဖြူဖြူဝင်းတို့သာ သေဆုံးသွားခြင်းဟု မိသားစုဝင်များက ပြောသည်။