ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၃၀ နံနက်ပိုင်းက စတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“စာမကပ်ခင် ၃ ရက်လောက်က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့အတွင်းမှာ လူတစ်စုကလာပြီး နောက်တစ်ခါမသုံးစွဲရဘူး ခြိမ်းခြောက်မှုရှိတယ်လို့ ပြောသံကြားတယ်။ သုံးစွဲနေတဲ့လူတွေကိုလည်း လူတစ်စုကခေါ်ပြီး စစ်တယ်လို့ကြားတယ်” ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုဥက္ကဋ္ဌ ကိုသန်းစိုးက ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊အငူမော်ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာအကြားတွင် နွားကျောင်းနေသည့် လူငယ်တစ်ဦး ယနေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့)၊ မွန်းလွဲ (၁၂)နာရီကျော်က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ရွှေဖောင်တင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်များ၊ ရေးလမ်းခရီးသွား ပြည်သူများအနေဖြင့် သွားလာမည့်ခရီးစဉ်၊ နေ့ရက်၊ အချိန်၊ လိုက်ပါမည့်ခရီးသည်စာရင်း၊ တင်ဆောင်လာသော ပစ္စည်းစာရင်းတို့ကို AA ထံသို့ အသိပေးပြီးမှ သွားလာကြရန် နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ထားသည်။