ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်း ယနေ့ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံးကာ နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏ လုံခြုံရေးအတွက်စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမာန်အမတ်များအဖွဲ့ က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးခဲ့သူတစ်ဦး ဒဏ်ရာများဖြင့် အမ်းဆေးရုံတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့၌ ဆေးကုသမှုခံယူခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာန်အောင်အများပိုင်ကုမ္ပဏီက ဆောင်ရွက်နေသည့် Master Plan (၁၀) ခုထဲမှ တစ်ခုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို လာမည့် ၂၀၂၀ ခုနှစ် အစောပိုင်းကာလတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ရဲစခန်းမှာ သားကိုသွားတွေ့တော့ သူ့မှာ ရိုက်နှက်သတ်ဖြတ်မှုခံရတာတွေ အများကြီးတွေ့ရတယ်။ ညာဘက်လက်ဖျံ၊ ကျောကုန်းတွေမှာ ဝါးလုံးတွေနဲ့ ထိုးသတ်ခံရတဲ့ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ တပ်မထဲမှာ စစ်ဆေးတဲ့အခါ အရိုက်ခံရတာ။ ကျန်တဲ့လူတွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲမြင်ခဲ့တယ်” ဟု ဖမ်းဆီးခံထားရသူ မောင်ကြည်လင်း၏ ဖခင် ဦးမောင်သန်းမိုးက DMG ကို ပြောသည်။