ရခိုင်ပြည်နယ်၊ ဘူးသီးတောင် - မောင်တောကားလမ်းပေါ်တွင် တည်ရှိသည့် သစ်တောရွာကျေးရွာနှင့် တပ်မတော်(၂၆၃) ခြေမြန်တပ်ရင်းအကြားတွင် အချုပ်ကားယာဉ်တန်း မိုင်းဆွဲခံရမှုနှင့်ပတ်သက်ပြီး သစ်တောရွာကျေးရွာတာဝန်ရှိသူများကို တပ်မတော်က ခေါ်ယူသတိပေးခဲ့ကြောင်း ရွာသားများက ပြောသည်။

တပ်မတော်ကဖမ်းဆီးထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ယာဉ်မောင်း ဦးမောင်သာစိန်တို့ကို တစ်လကျော်ကြာသည်အထိ မိသားစုမှတွေ့ခွင့်မရသဖြင့် ၎င်းတို့အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယောချောင်းတံတားအနီးတွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့မှတစ်ဆင့် သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ကျောက်တော်မြို့နယ်အတွင်းမှ ခမောင်း၊ ပြိန်းချောင်း၊ ဂင်ပိ၊ တဲဝ၊ လေကွေ့၊ င/စရိုင်း ကိုင်း၊ ပညာဝ၊ ရှင်းမဝန်တောင်း စသောကျေးရွာများမှ လူဦးရေနှစ်ထောင်ကျော်သည် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ဖမ်းဆီးထိန်းသိမ်းထားသူများအနေဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့တွင် NLD ဗဟိုမှ တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။