ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် အစိုးရပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများက သုံးသပ်နေကြသည်။

ရခိုင်ပြည်နယ်တွင် ဒီရေပင်များအား ကိုယ်ထူကိုယ်ထ စိုက်ပျိုးရာတွင် ငွေကြေး အခက်ခဲများရှိနေသောကြောင့် တိုးချဲ့မစိုက်ပျိုးနိုင်‌ဖြစ်နေကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရနှင့်တပ်မတော်တို့အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း အစိုးရမှ ဦးဆောင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုဖြင့် တိုင်ကြားထားသော်လည်း နှစ်နှစ်ကျော်ကြာမြင့် လာသည်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တစ်စုံတစ်ရာ အရေးမယူကြောင်း တိုင်ကြားသူများကဆိုသည်။

(၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လိုင်မှ ရခိုင်တိုင်းရင်းသားများအားပေးပို့ခဲ့သည့် သဝဏ်လွှာတွင် မျိုးနွယ်စုများအားဖော်ပြရာ၌ ကမန်တိုင်းရင်းသားများ ကို ချန်လှန်ထားခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများက ဝေဖန်ကြသည်။