အကြမ်းဖက်ပုဒ်မများနှင့် တရားစွဲဆိုခံနေရသော ရခိုင်အသင်း(စင်္ကာပူ)အမှုအား ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ရုံးချိန်းတွင် တရားလို ရဲမှူးတင်ရွှေကို စွပ်စွဲခံရသူများဖက်မှ ပြန်လှန်စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ပြင်(မွတ်ဆလင်)ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ၄င်းကျေးရွာမှ လူငယ်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ကျေးရွာသားများ ထွက်ပြေးနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် မြေစာရင်းဝန်ထမ်း ဦးမောင်လှသိန်းကို ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် စွဲချက်တင်ရန် သက်သေမခိုင်လုံသဖြင့်...

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှ တပ်ဖွဲ့ဝင်တစ်ဦးမှာ နှလုံးအမောဖောက် သေဆုံးသွားခဲ့ပြီး ကျန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ကို အသိအမှတ်ပြုလေးစားလိုက်နာရန် တာဝန်မရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုသည်။