ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ သရက်ပြင်ကျေးရွာနှင့် ချာကေ(မွတ်ဆလင်) ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်အချို့မီးလောင်ပြီး မွတ်ဆလင်နှစ်ဦး ဒဏ်ရရှိသွားကြောင်း သိရသည်။

 ရွာသာယာကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် အေအေတပ်ဖွဲ့တို့က လှုပ်ရှားသွားလာမှုများရှိသဖြင့် ညီအစ်ကိုနှစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက သံသယရှိနေကြသည်။

အေအေမှပြန်လွှတ်ပေးလိုက်သော ရွှေနဒီဖြစ်စဉ်မှ အရပ်သား ၂၅ ဦးထဲတွင် ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲစခန်း၌ စစ်ဆေးမှုခံနေရသူတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ယနေ့နိုဝင်ဘာလ ၆ ရက် နေ့လည် ၁၂ နာရီကျော်အချိန်တွင် ဆေးကုသမှုခံယူရန် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

“ဦးဝှေ့တင်းဟာ ကျနော်တို့ရက္ခိုင့်တပ်တော်ကို မတရားစွပ်စွဲ၊ အပုပ်ချတာတွေကို ဗမာစစ်တပ်နဲ့ပေါင်းပြီးတော့မှ တောက်လျှောက် လုပ်နေတာဖြစ်တယ်။ တော်လှန်ရေးကာလမှာ ကျနော်တို့ အဖက်ဖက်က အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတဲ့ကာလမှာ ကျနော်တို့ကို နိုင်ငံရေးအရ သိက္ခာချဖို့ ကြိုးစားတဲ့အထဲမှာ ဒီလူဟာ ထိပ်ဆုံးကပါတယ်”

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်ကျေးရွာနှင့် မလကျွန်းကျေးရွာကြားတွင် နိုဝင်ဘာလ(၄)ရက်နေ့က ဦးမျိုးလွင်ဆိုသူအား အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှ သိရသည်။