ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် (၄၆)ဦး အောက်တိုဘာလ (၃၁)ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကိုပြောသည်။

ယင်းသို့သတ်ဖြတ်မှုကို မိမိတို့မလုပ်ဆောင်ကြောင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှ နှင့်ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး  မြန်မာနိုင်ငံသို့ရောက်နေသည့်ကာလတွင် တပ်မတော်ဘက်က လုပ်ကြံဝါဒဖြန့်ခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက စွပ်စွဲပြောဆိုသည်။

ကံပြင်၊ စပါးထား၊ ကွမ်းတောင်၊ သျှစ်ရှားတောင်၊ ဥယျာဉ်သာတို့က မူလတန်းကျောင်းများနှင့် နွားရုံတောင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)ကိုလည်း ပိတ်ထားရသည်။ ထို့အပြင် စံဂိုးတောင်၊ ပြင်ချောင်းကျေးရွာတို့က မူလတန်း (လွန်)ကျောင်းနှင့် အလယ်ချောင်း(ခမီ)ကျေးရွာရှိ မူလတန်းကျောင်း(ခွဲ)တို့ကို ပိတ်ထားရခြင်းဖြစ်သည်။

ကျောက်ရံကျေးရွာနှင့် တစ်မိုင်ခန့်ဝေးကွာသော မညင်းတောင်ကျေးရွာအနီးတွင် ယနေ့ (အောက်တိုဘာလ ၃၀ ရက်နေ့)၊နံနက် (၉)နာရီမှ မွန်းလွဲ (၁၂)နာရီအထိဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အသက် (၁၃)နှစ်ရွယ် ပဉ္စမတန်း ကျောင်းသူ မနှင်းချေကို ကျည်ဆံထိမှန်သွားခြင်းဖြစ်ကာ ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိ သွားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပိုမိုပြင်းထန်လာပြီး တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားစရာ စွပ်စွဲမှုများလည်း မကြာခဏပေါ်ပေါက်နေသဖြင့် အမှန်တရားများ သိရှိရန်အတွက် သတင်းမီဒီယာသမားများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းလိုက်သည်။