ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာကို ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့)၊နံနက် ၈ နာရီကျော်တွင် တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အရပ်သား (၄၀)ကျော်နှင့် ရွှေ၊ငွေ အချို့ကို ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်ပိုင်းက ကံစောက်တောင်ရှိ တပ်မတော်တပ်ရင်းဌာနချုပ်ကိုလာရောက် ပစ်ခတ်သောကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က မြေစာရင်းဝန်ထမ်းတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဘူးသီးတောင်မြို့မရဲစခန်းက ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် အဝေးသင်ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးရာတွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“မနက်ပိုင်း ၁၀ နာရီကျော်လောက်က ကျောင်းတက်ချိန်နေတဲ့အချိန်မှာ ကျတာ။ လောလောဆယ်တော့ ကျောင်းပိတ်လိုက်ရတယ်။ မိဘတွေကလည်း နောက်ထပ်လက်နက်ကြီး ဘယ်ကလာမယ်မှန်းမသိဘူးဆိုတော့ ကျောင်းပိတ်လိုက်ရတယ်” ဟု အဆိုပါကျောင်းက ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။