- Details
- အောင်ထိန်
- Hits: 869
- စစ်တွေ
ဒဏ်ရာရရှိသူများမှာ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးညီညီနှင့် သုံးဘီးယာဉ်မောင်း ဦးညီညီနိုင်တို့ဖြစ်သည်။ ဦးညီညီသည် ဦးဥတ္တမပန်းခြံရှေ့ အေးငြိမ်းဆေးခန်းမှ သုံးဘီးငှား၍ ကျောင်းတက်လမ်းရပ်ကွက်ရှိ မိမိနေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့တွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် ရပ်ကွက်ဒေသခံတချို့က ပြောသည်။
- Details
- ခိုင်ရိုးလ
- Hits: 2601
- စစ်တွေ
“ကားနဲ့ တရားခံဆိုသူတွေကို သွားတင်တဲ့အခါ ကားကို လိုင်စင်ရှိမရှိ၊ ကညနရုံးကို မေးမြန်းတဲ့အခါ ကညနရုံးက လိုင်စင်မရှိ Without ကားဆိုပြီးတော့ပြတယ်။ ဒါကြောင့် ဒီနေ့လွှတ်တဲ့အချိန်မှာ ဦးသုဝဏ အမှုနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ဖမ်းတယ်။ ဖမ်းပြီးတော့ ချုပ်ရမန် တောင်းထားပါတယ်။ ဒီနေ့ကစပြီး နောက် ၁၈ ရက်နေ့ထိရမန်တောင်းထားပါတယ်”
- Details
- မိုးဇော်
- Hits: 566
- စစ်တွေ
“ကျွန်တော်ကိုယ်တိုင်လည်း ထောင်ထဲမှာနေလာရတာပါ။ တုပ်ကွေးဖျားနာမှုတွေက ဖြစ်နေကြတယ်။ ထောင်ထဲမှာ ဆရာဝန်မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပါတယ်။ အပြင်ဆရာဝန်က တစ်ပတ်မှာ တစ်ခါလောက်ရောက်ဖြစ်တယ်။ လူနာတွေများလို့ တန်းစီပြီးစောင့်ဆိုင်းနေရတယ်။ ထောင်မှာ အမြဲတမ်းဆရာဝန် ချထားပေးစေချင်တယ်”
- Details
- ဝင်းညွန့်
- Hits: 811
- ဘူးသီးတောင်
ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကွမ်းတောင်ရွာက သူတွေက စေတီတောင်က မြင်နေရတယ်။ အဲဒီမှာစစ်တပ်ရှိတယ်။ စေတီတောင်ဘက်ကနေ ကွမ်းတောင် ကို လှမ်းမြင်ရတယ်။ မီးရှို့တာကို မြင်ရတယ်”ဟု ပြောသည်။
- Details
- မင်းထွန်း
- Hits: 479
- ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပြီး ကျည်စထိ မှန်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် (၈)တန်းကျောင်းသူ မမြသဇင်သည် ယနေ့အောက်တိုဘာလ ၃ ရက် နေ့တွင် စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Page 358 of 615








