“ရိက္ခာတွေပြတ်နေတာတော့ တစ်ပတ်လောက်ရှိပြီ၊ ပရဟိတအသင်းတွေလည်း မရောက်ဘူး။ အစိုးရက ၁ ရက်မှာ လူတစ်ယောက်ကို  ၃၀၀ နှုန်းပေးတယ်။ ထောက်ပံပေးမယ့်သူမရှိတော့ ရှိတာလေးတွေကို ထုခွဲရောင်းချပြီးစားနေရတယ်။ ကျနော်တို့စခန်းက အလှမ်းဝေးတော့ အလှူရှင်တွေ မရောက်ဘူး”

ကော်မတီမှ နှုတ်ထွက်စာတင်ထားသူများမှာ ရခိုင်အမျိုးသားပါတီ(ANP)၏ ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ ဖြစ်ကြသည်။

ရှေးဟောင်းအဆောက်အအုံများနှင့် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ကာကွယ်ပေးရန်ဆိုသော အနှစ်သာရကြောင့် အဆိုကိုထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က ပြောသည်။

“တိုက်ပွဲဖြစ်နေတာက ၃ ရက်လောက်ရှိပြီ။ ဒီနေ့ လေယာဉ်တွေနဲ့ ပစ်ကြတယ်။ ရွာရှေ့ဘက် ၃ မိုင်လောက်မှာ ပစ်နေကြတာပါ။ ရွာထက်ကဝဲပြီးတော့ တောင်ကုန်းတွေဘက်ကို ပစ်နေတာ။ ရွာသားတွေက ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ကြောက်လန့်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ပြေးသွားကြတယ်”

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများထဲမှ မွတ်ဆင်လင် ၂၆ ဦးသည် မိမိသဘောဆန္ဒ အလျှောက် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။