“တိုက်ပွဲဖြစ်တာက ၂၂ ရက်နေ့စဖြစ်တာ။ ၂၃ ရက်နေ့နားတယ်။ ၂၂၊ ၂၄၊၂၅ ရက်သုံးရက်ရှိပြီ။ ဆရာ၊ ဆရာမတွေကလည်းကြောက်လို မြေပုံမြို့သို့ထွက်ပြေးနေကြတယ်။ ဒီနေ့လည်း လေယာဉ်တွေနဲ့ပစ်တယ်”

အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်မှ လူဦးရေ ၆ သိန်းကျော်သော ပြည်သူများအပေါ် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်းပြနိုင်ရန်အတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စစ်တွေမြို့၊မိဇံရပ်ကွက် မြစ်ကမ်းနားတွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊နံနက် ၂ နာရီကျော်အချိန်က စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် စက်လှေပိုင်ရှင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကို ရှောင်းရှားကြစေရန် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးရေးအဆိုကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဦးမောင်စံသိန်း အသက် ၅၀ နှစ်ကို နေအိမ်အတွင်းမှ လက်လုပ်ဗုံးတွေ့သည်ဟုဆိုကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။