စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသော ကိုရဲဇော်(ခ) ရဲကျော်သူကို ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ အပြစ်မရှိသဖြင့် တရားသေလွှတ်ပေးလိုက်သည်။

ရခိုင်ပြည်သူများအနေဖြင့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခြင်းသည် ပြည်ထောင်စုအစိုးရအား ဆန့်ကျင်ကျူးလွန်ခြင်းမဟုတ်သဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မများဖြင့် ပြည်သူများကို ကြောက်လန့်အောင် ခြိမ်းခြောက်သည့်သဘောဖြစ်နေကြောင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ၊ နံနက်ပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးသွားသည်။

“ပထမဆုံး မိုင်းပေါက်ကွဲတာပါ။ အဲလ်ရှားဝါးဆိပ်ကမ်းမှာ ပေါက်ပြီးတာနဲ့ ဆိပ်ကမ်းမှာရပ်နေတဲ့ ဇက်ကလည်း လက်နက်ကြီးပစ်တယ်။ ကုန်းပေါ်ကလည်း လက်နက်ကြီးနဲ့ ဝိုင်းပစ်ကြတယ်။ မြစ်ပြင်မှာရှိတဲ့ ရေတပ်သင်္ဘောကလည်း အမြောက်နဲ့ ၂ ချက်ပစ်တယ်။ ဘယ်သူကို ပစ်တာလည်း မသိတော့ဘူး။ ပစ်သံတွေ ဆူညံနေတာပါပဲ၊ ပစ်ခတ်သံတွေ နာရီဝက်လောက် ကြားနေရတယ်”

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော် တပ်ဌာနချုပ်တစ်ခုအား စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်(AA)က ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။