ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များအပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခံနေရသူများအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ စက်တင်ဘာ ၂၀ ရက်နေ့က ရုံးထုတ်ရာတွင် မိသားစုဝင်များက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွဲဆိုခံနေရသည့် ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်များနှင့် ဆက်စပ်၍ လူ ၁၆၄ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးခွင့်ပြုထားသည့် စာရင်းကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ တွေ့ရှိခဲ့ကြောင်း တရားစွဲဆိုခံနေရသူများ၏ အကျိုးဆောင်ရှေ့နေက  ဆိုသည်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်သူအနေနဲ့ နစ်နာခဲ့ရသူ ဆိုင်ခန်းပိုင်ရှင်တွေအပေါ် တာဝန်ယူဖြေရှင်း ပေးဖို့ လိုအပ်ပါတယ်။ နစ်နာခဲ့ရသူပိုင်ရှင်တွေကို ဆိုင်ခန်းနေရာရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှ ပြည်နယ် အစိုးရအပေါ်မှာ ပြည်သူတွေ အားကိုးယုံကြည်လာမှာ ဖြစ်ပါတယ်”

“တိုက်ပွဲကတော့ ပုံမှန်ရှိနေတယ်လို့ပြောလို့ရတယ်။ ဗမာစစ်တပ်ဖက်ကတော့ ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင်မှုမရှိတဲ့ နေ့တွေမှာတောင် လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ နေ့ခင်းရော၊ ညပါ စည်းမရှိကမ်းမရှိ  ပစ်နေတာတွေရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းရှိနေတယ်လို့ ပြောလို့ရတယ်"

အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လုပ်ငန်း များကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရန် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။