- Details
- အောင်ထိန်
- Hits: 1256
- ပုဏ္ဏားကျွန်း
စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခုမှာ လက်မဆိပ်ကျေးရွာမှ မင်းဇီချောင်းကျေးရွာဘက်သို့ ထွက်ခွာပြီးနောက်တွင် ပေါက်ကွဲမှု သုံးလေးကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
- Details
- စုမွန်
- Hits: 534
- သံတွဲ
“သံတွဲမြို့နယ်အတွင်းမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီတချို့ဟာ ကျွမ်းကျင်တဲ့အင်ဂျင်နီယာများ မပါရှိဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ Third Party တို့မှလည်း ပူးပေါင်းကြီးကြပ်ဆောင်ရွက်မှု အားနည်းတာကို တွေ့ရှိရပါတယ်” ဟု သံတွဲလွှတ်တော်အမတ် ဦးမင်းကြည်က ပြောသည်။
- Details
- မြတ်ဝင်းကျော်
- Hits: 866
- ရန်ကုန်
“တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်ဆောင်ရင် ချင်းတိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားကြား မလိုအပ်တဲ့ အမုန်းတရားတွေဖြစ်ပေါ်လာနိုင်တယ်” ဟု ချင်းလူငယ်ကွန်ရက်က ဆိုသည်။
- Details
- Admin
- Hits: 1176
- ဘူးသီးတောင်
“မိုင်းပေါက်ပြီးတာနဲ့ ကျေးရွာတွေကိုလျှောက်ပစ်တာပါ။ ကျနော်တို့ သပိတ်တောင်(မြောက်)ရွာက တစ်ဦး ကျည်ထိမှန်ပြီးသေတယ်။ အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ နောက်နွား ၂ ကောင် ကျည်ထိပြီးသေသွားပါတယ်။ တပ်ဖက်က မိုင်းထိမှန်တာတွေလည်းရှိတယ်” ဟု သပိတ်တောင်(မြောက်)ရွာမှ ဦးအီနုစ်က ဆိုသည်။
- Details
- ကျော်သူဌေး
- Hits: 1107
- ကျောက်တော်
၎င်းပစ်ခတ်မှုမှာ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအတိုင်း အပေါက်ဝကျေးရွာဘက်မှ တက်လာသော နေဗီပေါ်ကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် စံပယ်လှကျေးရွာမှ ၂ ဦးဒဏ်ရရှိခဲ့သလို သင်္ဂနက်ကျေးရွာမှ ၃ ဦးအနက် ၁ ဦးမှာ ဒဏ်ရာမပြင်းထန်သော်လည်း စစ်တွေဆေးရုံကို ဦးရွှေထွန်းသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်ညိုတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ခြင်းဖြစ်သည်။
Page 371 of 615








