“အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းပေါ့။ လူငယ်တွေက သူတို့ဘဝ တိုးတက်ချင်တယ်။ ဒီနေရာမှာ အလုပ်အကိုင်မရှိတော့ အလုပ်အကိုင်အခွင့်အလမ်းသာတဲ့ နေရာတွေကို ရွှေ့ပြောင်းချင်တယ်။ သူတို့စိတ်ကူးတွေကို အကောင်အထည် ဖော်ချင်တယ်။ ဒီဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ စက်ရုံအလုပ်ရုံတွေ များလာမယ်ဆိုရင်တော့ ဘယ်သူမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင် နေမှာမဟုတ်ဘူး”

“စစ်တပ်ကဖမ်းသွားတယ်။ တစ်နေ့တစ်နေ့ သူတို့ကိုရိုက်တယ်။ ပြီးရင် ရဲစခန်းကိုပို့တယ်။ သူတို့ကို မတရား ရက်ပေါင်းလေးဆယ်လောက် နှိပ်စက်တယ်။ ရှော့တိုက်တယ်။ ရင်ဘက်တွေကို ကန်ကျောက်တယ်။ အဲဒါကြောင့် ကျနော့်သား သွေးအန်လို့ ဆေးခန်းလာပြရတာ”

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲမြို့နယ်၌ ရပ်ကွက် (၅)ခုပါဝင်သော လေးတောင်မြို့ တစ်မြို့တိုးချဲ့၍ ကျေးရွာ အုပ်စု (၃)ခုနှင့် ကျေးရွာ (၁၄) ရွာပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် (၆) ခု ပါဝင်သည့် တန်းလွဲရွာမမြို့ တစ်မြို့ တိုးချဲ့ခြင်းအပြင် ကျေးရွာအုပ်စု (၁) အုပ်စုနှင့် ကျေးရွာ (၄) ရွာ ပယ်ဖျက်ပြီး ကျေးရွာအုပ်စု (၁) ခုကို အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မောက်တော်တံခါးကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် အရေးပေါ်ထိန်းသိမ်းရေးရန်ပုံငွေကို စာရင်းဇယားများပြုလုပ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်သို့ တင်ပြထားကြောင်း သိရသည်။

“အရင်အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းဆိုရင် ဒီတစ်ခေါက်မှာ တပ်ဘက်ကကိုယ်စားလှယ်တွေ ပါမယ်လို့တော့ ပြောလို့ရှိတာပေါ့။ ဒါကြောင့် ပါလာနိုင်တယ်။ သူတို့ဘက်က ဘယ်လိုလူတွေ ပါလာမလဲ။ တကယ့်ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းကပုဂ္ဂိုလ်တွေ ပါလာရင်တော့ ဆွေးနွေးပွဲက အရင်ထက် တိုးတက်မှုရှိလာမှာပေါ့။ တပ်နေရာချထားရေး ကိစ္စကိုလည်း ဆွေးနွေးဖြစ်မယ့် အခြေအနေရှိတယ်”