- Details
- ဝင်းညွန့်
- Hits: 553
- စစ်တွေ
လာမည့် ၃ ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်ထားသည်။
- Details
- မိုးဇော်
- Hits: 1309
- ကျောက်တော်
ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်က သရက်တပင်ကျေးရွာနှင့် ဒေါင်းတောင်ယိုးကျေးရွာကြားရှိ ရန်ကုန်- စစ်တွေ ကားလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲတစ်ခုဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် သရက်တပင်ကျေးရွာအနီး တံတားတွင်ရောက်ရှိနေသည့် တပ်မတော်သားများက ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုကြသည်။
- Details
- Admin
- Hits: 689
ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ပြစ်မှုမကျူးလွန်သည့် မြန်မာနိုင်ငံသားနှစ်ဦးသည် ယခုလို ပြစ်ဒဏ်အပေးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ၄င်းတို့၏ အသက်မှာ ထိုင်းဘုရင်မင်းမြတ်ထံတွင်သာ ရှိသောကြောင့် မိမိတို့အနေဖြင့် စစ်မှန်သော မေတ္တာတရားများပို့သပေးရန် လိုအပ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။
- Details
- ဝင်းညွန့်
- Hits: 450
- စစ်တွေ
တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြေးကို သက်ဆိုင်ရာအာဏာပိုင်များက ထောက်ပံ့ပေးရန် ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြသည်။
- Details
- ခိုင်ရိုးလ
- Hits: 1099
- မြောက်ဦး
“သူတို့ခေါ်ဆောင်သွားပြီးတော့ သူတို့နဲ့အတူ တောင်တွေကိုတက်ခိုင်းတယ်။ မကျားတောင်ကိုရောက်တော့ ကျွန်တော့်လည်ဂုတ်ကို ရိုက်တယ်။ သေနတ်ပေါင်တွေနဲ့ ရင်ဘတ်ကိုထုတယ်။ သုံးချက်ရိုက်တာ။ ကျွန်တော့ ရဲ့ယောက်ဖဖြစ်သူမှာဆို ၄၊ ၅ ချက်လောက်တောင် အရိုက်ခံခဲ့ရတယ်။ မိုင်းခွဲတဲ့အကြောင်းကို မေးတယ်။ ဘယ်သူ ခွဲတာလဲဆိုတော့ ကျွန်တော်မသိဘူးလို့ဖြေတယ်။ သိမှမသိတာ”
Page 381 of 615








