“စစ်ကြောင်း ရွာထဲကသွားတာပါ။ အဲဒီမှာ လက်နက်သံဂျိမ်းဆိုပြီးတော့ တစ်ချက်ကြားတယ်။ မကျားတောင် ပေါက်နားမှာ အဲဒီလိုကြားလိုက်တာပါ။ ကျမယောက်ျားတို့က အိမ်ပြန်လာတဲ့အချိန်မှာ စစ်သားတွေနဲ့ တည့်တည့်တိုးပြီးတော့ ဖမ်းခေါ်သွားတာပါ”

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတည်ငြိမ်မှုမရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လူထု စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ANP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD တို့က သုံးသပ်ကြသည်။

မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး မြောက်ဦးမြို့ကို မြန်မာနိုင်ငံအစိုးရမှ ၁၉၉၆ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုအဖြစ် ကြေငြာခဲ့သည်။ အဆိုပြုမှုကြမ်းကို လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာတာကို တင်သွင်းသွားမည်ဖြစ်ကြောင်လည်း ဒေါ်ခင်သန်းကဆိုသည်။

“ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သည့် အဖွဲ့အစည်းများပူးပေါင်းကာ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျာထားအမေရိကန်ဒေါ်လာ(၁၂.၂)မီလီယံအနက် (၅)မီလီယံရရှိပြီးဖြစ်ပါတယ်”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒါကတော့ ကျွန်တော်တို့ယာဉ်တန်း မဟုတ်ပါဘူး။ တပ်မတော် ပစ္စည်းတွေတင်လာတာလည်း မဟုတ်ပါဘူး။ ဒါပုဂ္ဂလိကယာဉ်တွေပဲ။ မြောက်ဦးနဲ့ စစ်တွေကို ကုန်သွားပို့တဲ့ ကုန်ကားတွေပဲ။ နှစ်စီးကအခွံဘာမှမပါဘူး။ နောက်ဆုံးတစ်စီးကတော့ ကုန်စိမ်းတွေ ပါလာတယ်လို့ အကြမ်းဖျင်းအားဖြင့်သိရတယ်” ဟု ပြောသည်။