“မနေ့က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတော့ ဆင်သေပြင်ကျေးရွာသူ/သားအားလုံး နီးစပ်ရာဆွေမျိုးတွေရှိရာ  ကျေးရွာတွေကိုထွက်ပြေးသွားကြပါပြီ။ ရွာမှာတော့ အသက်ကြီးပိုင်း ၁၀ ဦးလောက်ပဲ ကျန်နေခဲ့ကြပါတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ ၉၄၉၆ ဦးအား ထောက်ပံမှု မပြုနိုင်ခဲ့သဖြင့် ငွေကျပ် ၄၂၇ သန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ကျောက်ရံအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား ၃ ဦး လွတ်မြောက်လာတယ်။ ကျန်နေတာက ပထမဖမ်းဆီးတဲ့ ကျောင်းဆရာ နေဇော်လင်းနဲ့ ကျောက်ရံကျေးရွာက ကျောင်းဆရာ နိုင်အောင်ထွန်းတို့ ၂ ဦးသာ ကျန်နေပါတယ်”

အမ်း၊ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင်  ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပြောသည်။

ရန်ကုန်-စစ်တွေကားလမ်းပိုင်း ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ကြားတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်တို့တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ယာဉ်လိုင်းများ စိုးရိမ်နေကြသည်။